သတင်းများ

အ.ထ.က(အင်းမ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Aug 18,2023
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့၏စီစဉ်မှုဖြင့် ယမန်​နေ့က အ.ထ.ကအင်းမကျောင်း သီတဂူခန်းမ၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 18,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက လူကုန်ကူးမှု တားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အ.ထ.က(၈)တွင်  ဟောပြောပွဲ၊ ကျပန်းစကား‌ ပြောပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ
Aug 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ အ.ထ.က(၈)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန် ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉.၀၀) နာရီ က အ.ထ.က(၈) တွင် ပြုလုပ်သည်။
အမရပူရမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 18,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တမုတ်ဆိုးမိန်းမြောင်းမကြီးပေအရှည်သုံးသောင်းနှင့် တမုတ်ဆိုးဘီမြောင်းပေအရှည်ခုနှစ်ထောင်ကို သဲနှုန်းတူးဖော်ခြင်းလုပ်ငန်း၊ ခြောက်နံပါတ်ရေအကူမြောင်းပုံစံကျပြုပြင်ခြင်းနှင့် ရေသွင်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ထွန်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က BOX Culvert ပြုလုပ်ခြင်း ဆောင်ရွက်
Aug 18,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ငွေလုံးငွေ ရင်းခွင့်ပြု ရန်ပုံငွေကျပ် (၃ဒဿမ၂၀) ကျပ်သန်းဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ သန္တာလမ်း၊ ဘုရားကြီးရပ်ကွက်၊ ရွှေဝါထွန်းလမ်းနှင့် မြို့ဦးလမ်းဆုံရှိ BOX Culvert ပြုလုပ်ခြင်းကို ဇူလိုင်လ ဒုတိယပက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Aug 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ဩဂုတ်(၁၆)ရက် နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Aug 18,2023
ပေါက်တောမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။