မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Aug 19,2023
မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၁၈) ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဖြေလျော့ဆောင်ရွက်ပေးသကဲ့သို့ မွန်ပြည်နယ်အတွင်း ခရီးသွားများ ယခုထက် ပိုမိုလာရောက်လည်ပတ်နိုင်ရေးနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ လိုအပ်သည့် မူဝါဒကောင်းများ ချမှတ်ကာ အလေးထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသများ များစွာရှိပြီး ရှေးဟောင်းအဆောက်အဦများ၊ ကိုလိုနီခေတ်အဆောက်အဦများ ထင်ရှားသည့် ဘုရားစေတီများစွာ တည်ရှိနေခြင်းကြောင့် ခရီးသွားမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်ရာ၌ အထောက်အပံ့ ကောင်းများဖြစ်ပါကြောင်း၊