ကျိုင်းတုံ ဩဂုတ် ၁၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့် ပွဲကို ယမန်နေ့ညနေ၃နာရီက ကျိုင်းတုံခရိုင် အားကစားကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် ကျိုင်းတုံတက္ကသိုလ် ဘူမိဗေဒဘာသာရပ်အသင်းနှင့် သင်္ချာဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒဘာသာရပ်အသင်းက သင်္ချာ ဘာသာရပ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ နှင့် တာဝန်ရှိသူများက ပွဲစဉ်အလိုက် အကောင်းဆုံကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားများ အသီးသီး ပေးအပ်ချီးမြှင်းခဲ့ကြောင်းသိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းများက ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်ထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)