ပလောက်မြို့၊မူလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ပလောက်   ဩဂုတ်လ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ လူငယ်များအ‌နေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်‌စေရန်၊ အသိပညာဗဟုသုတများတိုးပွား စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ် စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသောဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီခွဲက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ‌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲတွင် မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမ ဒေါ်နန်း အေးကအဖွင့်အမှာစကားပြောကြားပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က လူငယ်တွေအတွက် ပညာရေးဟာအဓိကရည်မှန်း ချက်ဖြစ်ပါကြောင်း၊ အကျင့် စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့်နံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်