ခန္တီး ဩဂုတ် ၁၈
ပြည်သူကိုဗဟိုပြု ပြည်သူ့ဝန်ဆောင်မှု အများပြည်သူ အသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show များကို ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်လာစေရန် ကိုယ်ရည်ကိုယ်သွေး မြှင့်မားလာစေရန်အတွက် စိတ်ကြိုက်ကဗျာရေးစပ်၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စိတ်ကြိုက်ကဗျာရေးစပ်ပြိုင်ပွဲတွင် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/သူ ၁၅ ဉီးနှင့် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/သူ လေးများအား ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)