အမ်း ဩဂုတ် ၁၈
ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်းကို ယနေ့နံနက် ၁၀ နာရီက အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က ကျောင်းသား/ကျောင်းသူများအား ဇာတ်လမ်း မစန္ဒာနှင့် သရုပ်ဖော် MGU တို့ ရေးသားသည့် ကြွက်မ လေးအတွက် အိမ်ထောင်ဖက် ပုံပြင်အားလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် -၃ ဒေါ်ဌေးဌေးဝင်းက ဇာတ်လမ်း ကျော်မြင့်(မြောင်းမြ)နှင့် သရုပ်ဖော်ဝင်းဖေ(အဖျောက်)တို့ ရေး သားသည့် ပလတ်စတစ်အိပ်ကလေး၏ ခရီးစဉ် ပုံပြင်အကြောင်းများကို အသိပညာပေး ပြောကြားပေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ နားထောင်မှတ်သားခဲ့ကြသည်။
စိုးမင်းထွန်း