ဆီဆိုင်မြို့၌ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြော

ဆီဆိုင်   ဩဂုတ်   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်(မိခင်ကလေးကျောင်းကျန်းမာရေးအာဟာရ)က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား အင်အားဖြစ်ထွန်းစေသောအုပ်စု၊ ခန္ဓာကိုယ် ကြီးထွား စေသောအုပ်စု၊ ရောဂါကာကွယ်စေသောအုပ်စု စသည့်အစာအုပ်စု သုံးအုပ်စုတွင်ပါဝင်သော အာဟာရဆိုင်ရာအစားအစာများနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင် (မိခင်ကလေးကျောင်းကျန်းမာရေး အာဟာရ)နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ထားထားဦးတို့က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား တာရှည်ခံဆေးရည်စိမ်ခြင်ထောင်၊ ကြက်ဥနှင့် အိုင်အိုဒင်းဆား တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)