သတင်းများ

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ရိုးရာဆံထုံး ထုံးနည်းသင်တန်းဖွင့်လှစ်သင်ကြား
Aug 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်‌သော မြန်မာ့ရိုးရာဆံထုံး ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီက မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားရာ အမျိုးသမီးရေးရာအဖွဲ့မှသင်တန်းသားများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ သင်တန်းသားများ၊ သင်တန်းနည်းပြဆရာမနှင့် တာဝန်ရှိသူများ တက်ရာက်ခဲ့ကြသည်။
ပြည်မြို့ အ.ထ.က(၅)၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပ
Aug 24,2023
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်လူရည်ချွန်များ ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်သော "လူငယ်စကားဝိုင်း" ကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်မြို့အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း "ပညာတံခွန်" ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊‌ ကျောင်းသူများတက်ရောက်သည်။
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
Aug 24,2023
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 24,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ကလေးများအား အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ကလေးများအားအသိပညာပေးသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းစုံညီခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ပင်းတယမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာအုပ်စု၊ ပွေးလှအခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Aug 24,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ရွာမွန် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက်လုပ်ငန်း စီမံကိန်းများရေးဆွဲရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Aug 24,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ပြည်ထောင်စု/ပြည်နယ်ဘတ်ဂျက် လုပ်ငန်းစီမံကိန်းများရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။