သတင်းများ

ပြည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 24,2023
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ” အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ပြုလုပ်သော အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
မိုင်းရယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲ ကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဒေါက်တာသန်းသန်းဆွေ (မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး(အငြိမ်းစား))တို့ ပူးပေါင်း၍ မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုပေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌ မိုးရာသီအားကစားပြိုင်ပွဲ ကျင်းပ
Aug 24,2023
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာနှစ် မိုးရာသီအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစ၍ အစိုးရစက်မှုလက်မှုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
မအီမြို့၌ မိုးရာသီအတွင်း ပြေးဆွဲနေသောကူးတို့စက်လှေများ အသက်ကယ်အင်္ကျီ (Life Jacket) ပါရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 24,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ယခုဘဏ္ဍာနှစ်တွင် လေံလအောင်မြင်ပြီး ခရီးသည်နှင် ကုန်စည်များ တင်ဆောင်၍ ပြေးဆွဲနေကြသည့် ကူးတို့စက်လှေများအား အသက်ကယ်အင်္ကျီ (Life Jacket) ဝတ်ဆင်၍ စီးနင်းလိုက်ပါစေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းကို မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့် ရုံးအဖွဲ့ဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် အဖွဲ့သည် မိုးနေကြာစိုက်ပျိုးရေးတောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်
Aug 24,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် အဖွဲ့ဝင်များက ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနေကြာစိုက်ပျိုးရေးတောင်သူ နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့  တက်‌ရောက်ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Aug 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းပါ ခေတ်မီစံပြကျေးရွာအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်တန်းခေတ်မီစံပြကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်  ပြုလုပ်ခဲ့သည်။
မြဝတီ-ကော့ကရိတ် အာရှလမ်း ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး၍ မကြာမီ ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်
Aug 24,2023
ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမြေပြိုမှုဖြစ်ပွားခဲ့ရာ ယာဉ်သွားလာမှု ယာယီရပ်တန့်ခဲ့ရပြီး အဆိုပါလမ်းအား ယာဉ်များပြန်လည်သွားနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ပြီး ယာယီဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်
Aug 24,2023
ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အစိုးရဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။