သတင်းများ

မုံရွာခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ခရိုင်အဆင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ပညာရှင်၊ ဝါသနာရှင်များ တက်ရောက်ကြသည်။
ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Aug 24,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပွင့်တကောင်းကျေးရွာ၊  (အ.လ.က-ခွဲ)ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်း ကျင်းပ
Aug 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ် ပညာများပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း‌ ‌တော်ဝင်သဇင်ခန်းမ၌ ကျင်းပခဲ့သည်။
မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “မူးယစ်ကင်းစင်သောဘဝ သာယာလှပအေးချမ်းရ ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Aug 24,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ(၁:၃၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၂)ပါ စာရေးဆရာသိင်္ဂီမေရေးသားသည့် “မူးယစ်ကင်းစင်သော ဘဝ သာယာလှပအေးချမ်းရ”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌  လူငယ်စကားဝိုင်း ကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များအသိပညာ ဗဟုသုတကြွယ်ဝစေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန် ရည်ရွယ်၍ သြဂုတ် ၂၁ ရက် နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ဆက်လက်ပြုလုပ်
Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့၊စွမ်စော်ကျောင်းတွင် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုစက်ချုပ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ဆက်လက်ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး
Aug 24,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
(၂၄)ကြိမ်​မြောက် အဆို၊အက၊အ​ရေး၊အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပ
Aug 24,2023
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် (၂၄) ကြိမ်​မြောက် အဆို၊အက၊အ​ရေး၊အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။