သတင်းများ

မိုင်းယောင်းမြို့နယ်တွင် အခွန်ပညာပေးရှင်းလင်းပွဲ ကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ဩဂုတ် ၂၁ ရက်က အခွန်ပညာပေး ရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Aug 24,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က)ရပ်ကွက်အတွင်းရှိ  အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသည့် ထုံးမကြီးကျေးရွာမှ ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပေတောကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသထွက် သဘာ၀ကော်ဖီမှုန့်စစ်စစ်များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ
Aug 24,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှာ မိမိတို့၏ ဥယျာဉ်ခြံများတွင် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည့် ကော်ဖီပင်များကို စီးပွားဖြစ်သော် လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း စိုက်ပျိုးကြရာ ထွက်ရှိလာသော ကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိလျက်ရှိနေကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် အဆိုပြုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အ.ထ.က(ခွဲ)ကျောက်ဆိပ်တွင် စားသုံးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Aug 24,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ် ၂၂ ရက်နေ့၊ နေ့လယ်(၁)နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့၌ ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ပေး
Aug 24,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ အသက်ငါးနှစ်‌အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 24,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းရှိ မေတ္တာပုညကာရီဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ အသက်ငါးနှစ်‌ အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။