နတ်မောက် ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရွှေဘုံသာလမ်းအား တစ်ဘက်(၃)ပေ ကွန်ကရစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြစည်းခုံလမ်းအား တစ်ဘက်(၆)ပေစီ တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ နဒီလမ်းအား ကွန်ကရစ်ခင်းခြင်း၊ မြို့အပြင် မီးသင်္ဂြိုလ်စက် အဝင်လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း