မြစ်သား သြဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော မြန်မာ့ရိုးရာဆံထုံး ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီက မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားရာ အမျိုးသမီးရေးရာအဖွဲ့မှသင်တန်းသားများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ သင်တန်းသားများ၊ သင်တန်းနည်းပြဆရာမနှင့် တာဝန်ရှိသူများ တက်ရာက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်က သင်တန်းဖွင့်လှစ်သင်ကြားရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး သင်တန်းနည်းပြ ဒေါ်တင်နွယ်အေး နန္ဒာထွန်း(အလှဘဏ်)မှ ဘီအေဆံထုံး၊ နောက်တွဲဆံထုံး၊ ဘေးစောင်းဆံထုံး၊ ဘွဲ့ဆံထုံး၊ ကျစ်ဆံမြီးအခွေ၊ ကျစ်ဆံမြီးအခွစသည့်ဆံထုံး ထုံးနည်းအမျိုးမျိုးကို လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို (၂၂.၈.၂၀၂၃) မှ (၂၃.၈.၂၀၂၃) ရက်နေ့သင်တန်းကာလ (၂) ရက်ကြာ နံနက်(၁၀)နာရီ(၁၂)နာရီထိလည်းကောင်း၊ နေ့လယ်(၂)နာရီမှ(၄)နာရီထိလည်းကောင်း သင်တန်း နည်းပြဆရာမမှ သင်တန်းသား(၁၀)ဦးအား မြန်မာ့ရိုးရာဆံထုံး ထုံးနည်းအမျိုးမျိုးကို သင်တန်းသား တစ်ဦးချင်းစီ လက်တွေ့သင်ကြားပေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
မြို့နယ် (ပြန်/ဆက်)