သတင်းများ

ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 24,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
တောင်ကုတ်မြို့နယ်၌ ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 24,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများပိုမိုထိရောက်စေရေး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈)နာရီအချိန် သိမ်တောင်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အခြေခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့်ကော့သောင်း မြို့နယ်ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူများက ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်စည်ပင်သာယာဈေးအရှေ့တွင် အများပြည်သူများအား ဆန်ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ဓာတ်ကျွဲကောသီးပင်အောင်မြင်ဖြစ်ထွန်း
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီ စားသုံးကုန်အသီးအနှံပင်ဖြစ်သည့် ကျွဲကောသီးပင် (ဒေသအခေါ်) ဓာတ်ကျွဲကောသီးကိုသဘာဝရာသီဥတုနှင့် ရေခံမြေခံအခြေအနေအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းကာ အပိုဝင်ငွေများရရှိလျက်ရှိကြောင်းသိရသည်။
ပေါင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်းဆင်းပွဲ ပြုလုပ်
Aug 24,2023
‌မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်းဆင်းပွဲကို ကျုံကကျေးရွာတိုက်ကျောင်း၌ ယမန်နေ့နံနက် (၁၁)နာရီက သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 24,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။