သာစည်မြို့နယ် ကုက္ကိုစုကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြသ
Aug 27,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် တောင်သူများ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်း အကျိုးကျေးဇူးများကို သိရှိနားလည်ခြင်းဖြင့် လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ပိုမိုလျင်မြန်စွာ ကူးပြောင်းနိုင်မည်ဖြစ်ရာ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၆)စက်မှုလယ်ယာစခန်း သာစည်မြို့မှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကုက္ကိုစုကျေးရွာ ကွင်းအမှတ်(၁၈၇၃) ဦးပိုင်အမှတ်(၈၁) တောင်သူဦးထင်အောင်၏ လယ်မြေသုံးဧက၌ပြုလုပ်ကြောင်း သိရသည်။