ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမအတွင်း ပြုလုပ်
Aug 27,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းများကို ကြိုတင်သိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ အချိန်က မြို့နယ် Community Centre လုထုအခြေ ပြုဗဟိုဌာနခန်းမအတွင်း ပညာပေး ဟောပြောပွဲ ပြုလုပ်ပေးရာ အထက~တနင်္သာရီ Grade-8 နှင့် Grade-5 အတန်းမှကျောင်း သူ/သားများ(၂၂)ဦး တက်ရောက်ကြောင်း သိရသည်။