ဘူးသီးတောင်မြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ဘူးသီးတောင် သြဂုတ် ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ဘူးသီးတောင်မြို့ သပြေကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေပြီး တစ်ဦးနှင့် တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်းရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည် ပြည့်ဝလာမည်ဖြစ်ကြောင်း  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးဒေါ် ဇင်မာလွင်မှ လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး သပြေကုန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ Grade-9 ကျောင်းသား မောင်နိုင်စိုးမှ လူငယ်နဲ့ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်ဆာဘီအာလာမ်မှ လူငယ်နဲ့မှုယစ်ဆေးဝါး ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade 8 ကျောင်းသူ မဇင်မာဖြိုးမှ လူငယ်နဲ့ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူမအိသဇင်မြတ်မှ လူငယ်နဲ့စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)