ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမအတွင်း ပြုလုပ်

တနင်္သာရီ ဩဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းများကို ကြိုတင်သိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ အချိန်က မြို့နယ် Community Centre လုထုအခြေ ပြုဗဟိုဌာနခန်းမအတွင်း ပညာပေး ဟောပြောပွဲ ပြုလုပ်ပေးရာ အထက~တနင်္သာရီ Grade-8 နှင့် Grade-5 အတန်းမှကျောင်း သူ/သားများ(၂၂)ဦး တက်ရောက်ကြောင်း သိရသည်။

ဟောပြောပွဲ၌ ဦးစီးအရာရှိ ဦးထိန်ဝင်းက မြန်မာနိုင်ငံကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသူ/သားများမှတစ်ဆင့် အခြားသူများထံ ပျံ့နှံ့သိရှိနိုင်ရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်(၈)ရပ်၊ လူငယ်များနှင့် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍများ၊ အလုပ်လုပ်ချိန် ကန့်သတ်ချက်၊ အသက်အပိုင်းအခြားနှင့် ဥပဒေဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)