ပျော်ဘွယ်မြို့နယ်၊ လှိုင်းပန်ကျေးရွာ မူလွန်ကျောင်းတွင် ရွှေလှိုင်းဂုဏ်ဆောင် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

ပျော်ဘွယ် ဩဂုတ် ၂၇

ပျော်ဘွယ်မြို့နယ်၊ လှိုင်းပန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်း ဆောက်လုပ်ခဲ့သည့် ရွှေလှိုင်းဂုဏ်ဆောင် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကို ဩဂုတ်လ(၂၆)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဇော်လင်းက ကျောင်းးစာကြည့်တိုက်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ရေရှည်ခိုင်မြဲအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်မိမိခင်က KG သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဖြိုးအောင်က လက်ခံရယူပြီး ကျောင်းစာကြည့်တိုက်ဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ရွှေလှိုင်းဂုဏ်ဆောင် ကျောင်းစာကြည့်တိုက်အား အလှူရှင်များစုပေါင်း လှူဒါန်းငွေကျပ် (၆၅)သိန်းဖြင့် အလျား(၁၇)ပေ၊ အနံ (၁၄) ပေ၊ အမြင့် (၁၂)ပေ၊ နံကပ်၊ သွပ်မိုး၊ တစ်ထပ် အဆောက်အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)