မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မှော်ဘီ ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မင်းရွာ) ၌ ကျင်းပသည်။

ရှေးဉီးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်လှလှထွေးက အမှာစကား ပြောကြားပြီး  မှော်ဘီမြို့နယ် Book Club အဖွဲ့ဝင် စာရေးဆရာဆေးတန်သားမှ လူငယ်နှင့်အနာဂတ် ဟူသောခေါင်းစဉ်ဖြင့်လည်းကောင်း မှော်ဘီမြို့နယ် Book Club အဖွဲ့အတွင်းရေးမှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)မှ နေရာဟူသောခေါင်းစဉ်ဖြင့်လည်းကောင်း သိကောင်းစရာများကို အကျယ်တဝင့်ဆွေးနွေးကာ အခြေခံပညာ အထက်တန်းကျောင်း(မင်းရွာ)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသောဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်( ပြန် / ဆက် )