သာပေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲ ကျင်းပ
Aug 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့နည်း သက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေးကာကွယ်ရေး တာများ မကျိုးပေါက်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ငဝန်တာ၊ တာမိုင်(၆၄/၃)၊ ရေကင်းစခန်းအမှတ်(၅)၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဘုမ္မဲဇာကျေးရွာအနီးတွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ရေဘေးကာကွယ်ရေးသရုပ်ပြပွဲ ကျင်းပပြုလုပ်ကြသည်။