သတင်းများ

စဉ့်ကူးမြို့နယ် အောင်ချမ်းသာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ချေးငွေများထုတ်ချေးပေး
Aug 29,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြိုနယ်၊ အောင်ချမ်းသာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စတုတ္ထအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အောင်ချမ်းသာကျေးရွာကော်မတီဥက္ကဋ္ဌနေအိမ်တွင် ပြုလုပ်သည်။
လပွတ္တာမြို့တွင် ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်​၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၉)ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ပိုင်းတွင် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းရွာသစ်မြို့အထကကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 29,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေးအသိရှိစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူငယ်လေးများဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် သံပုရာသီးများအထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်း
Aug 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ သံပုရာသီးစိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမိုးတွင်းအချိန်တွင် သံပုရာသီးများ အသီးအထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်းလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Aug 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ နယ်၊ပျားစခန်းကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် ပြုလုပ်သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု
Aug 29,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြန်မာနယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီလိမိတက်၏ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုသည်။
ညောင်ဦးမြို့ တက်သိမ်းရပ်ကွက်အတွင်း ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ သန့်စင်ခန်းများ ကွင်းဆင်းစစ်ဆေး
Aug 29,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ တက်သိမ်းရပ်ကွက်အတွင်းရှိ သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့နှင့်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 မိတ္ထီလာဈေးကြီးအတွင်း၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ
Aug 29,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မိတ္ထီလာဈေးကြီးအတွင်း ပြည်သူ့သက်သာ ဈေးအရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။