သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

သံတောင်ကြီး   ဩဂုတ် ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် ပြုလုပ်သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအားဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက် အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကျန်းမာရေး ဆရာမ ဒေါ်ဆုသင်ဇာနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။

စောမင်းသား(ပြန်/ဆက်)