ရှမ်းရွာသစ်မြို့တွင် နနွင်းများ ဝယ်လိုအားကောင်းမှုကြောင့် နနွင်းများ တိုးချဲ့စိုက်ပျိုးလာ
Aug 29,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြရာ နနွင်းများ ဝယ်လိုအားကောင်းမှုကြောင့် ဒေသနေပြည်သူများ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။