ညောင်ဦးမြို့ တက်သိမ်းရပ်ကွက်အတွင်း ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ သန့်စင်ခန်းများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ တက်သိမ်းရပ်ကွက်အတွင်းရှိ သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့နှင့်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းပညာပေးခြင်းများ ဆောင်ရွက်ရာ ညောင်ဦးမြို့နယ်ကျန်းမာရေးဦး စီးဌာနမှဝန်ထမ်းများ ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းနှင့် ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောက်ရှောက်မှုအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အဖွဲ့ဝင် များသည် တက်သိမ်းတောင်ရပ်ကွက်အတွင်းရှိ မိသားစုများ အသုံးပြုနေသည့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုခြင်းနှင့် အသုံးပြုပုံမှန်ကန်စွာ အသုံးပြုနိုင်ရေး ပညာပေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ရာ ညောင်ဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း (မြို့မ)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း (တက်သိမ်း)တို့တွင် အမှိုက်ကင်းစင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ ငယ်စဉ်ဘဝကပင် အမှိုက်များ စည်းကမ်းမဲ့ မပစ်စေရေးနှင့် ဗီနိုင်းများ ကပ်ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း