သတင်းများ

မုံရွာခရိုင်တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Aug 29,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စုရှိ ပြည်သူများအား ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကင်ပွန်းတန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ မိုးကာလတွင် ဝါးနှီးအသုံးအဆောင်ပစ္စည်းများ အနည်းငယ်သာရက်လုပ်ရောင်းချရ
Aug 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ဇီးခင်ကျေးရွာတွင် ဘိုးဘွားစဉ်ဆက် ဝါးလက်မှုပညာကို လက်ဆင့်ကမ်း၍ ဝါးနှီးဖြင့် မီးဖိုချောင်သုံးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ တစ်ပိုင်တစ်နိုင်ရက်လုပ်ရောင်းချခဲ့ရာမှ လူကြိုက်များသည့် ရောင်းအားရှိသော်လည်း မိုးကာလဖြစ်သည့်အတွက် ကုန်ကြမ်းဝါးဝယ်ယူရခက်ခဲသောကြောင့် အနည်းငယ်သာရက်လုပ်ရောင်းချနေရကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Aug 29,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကိုမျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်းအထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ်(၃)ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန်(Information)၊ ပညာပေး စည်းရုံးလှုံ့ဆော်ရန်(Education)၊ ဖျော်ဖြေပေးရန်(Entertainment)၊နှင့် လုပ်ငန်းတာဝန် (၁၀)ရပ်တွင်ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့် ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တွံတေးမြို့နယ် ခတ္ထိယရွာသစ်ကျေးရွာအား (Smart Village)ဆောင်ရွက်မည့် လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Aug 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယရွာသစ်အား Smart Village အဖြစ်ဆောင်ရွက်မည့် လုပ်ငန်းအား လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
လွိုင်ကော်မြို့၌ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး ကယားပြည်နယ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 29,2023
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး ကယားပြည်နယ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦိးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွာသစ်ကျေးရွာအုပ်စု၊ နားမုံကျေးရွာဘုန်းကြီးကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီက ဒေသဝက် အကောင် (၅၀) မွေးမြူရေဘဏ်စနစ်ဖြင့် ဖြန့်ဖြူးရန် ကျေးရွာကြီးကြပ်မှုကော်မတီရွေးချယ်ခြင်းနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကျင်းပ
Aug 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးစာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သူရဲတန်း)၌ ကျင်းပခဲ့ကြောင်းသိရသည်။