သတင်းများ

လပွတ္တာ​မြို့နယ်၌ ဒေသဖွံ့ဖြိုး​တိုးတက်ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တူမြောင်း ကျေးရွာအုပ်စုအတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲကို သြဂုတ် ၂၇ ရက်နေ့ ၉ နာရီအချိန် တူးမြောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်
Aug 29,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၃)အုပ်စုတို့မှ  အိမ်ခြေ(၃၀)အိမ် အိမ်ထောင်စု(၃၀)စုတို့  ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်  ကျေးရွာနှင့်နီးစပ်၍  မြစ်ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့်  ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့သည့်  အိမ်ထောင်စုဝင်မိသားစုများအား သြဂုတ်လ(၂၅)ရက်နေ့ နံနက် ၁၁ နာရီ ၄၅ အချိန်က ရွှေ့ပြောင်းခဲ့ကြပြီး၊ ယနေ့ သြဂုတ်လ(၂၉)ရက် နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်အတွင်း၌ အိမ်ဆောက်ပစ္စည်းဖိုး ငွေနှင့် စားနပ်ရိက္ခာဖိုးများကို  ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာနမှ  ထောက်ပံပေးအပ်ခဲ့ကြောင်း  သိရသည်။
ကျောက်ဖြူမြို့၌ မြစ်ချောင်းများတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဓနိပင်များမှ ရရှိလာသော ကုန်ကြမ်းများကို ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်၍ ဓနိဝိုင်၊ ဓနိဖူးလက်ဖက်ခြောက် အပါအဝင် အမျိုးပေါင်း (၁၀) ကျော်ကို ထုတ်လုပ်ရောင်းချ
Aug 29,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြစ်ချောင်းများတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဓနိပင်များမှ ရရှိလာသော ကုန်ကြမ်းများကို ခေတ်မီနည်းပညာများ၊ စက် ကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ် မှုများ ပြုလုပ်ကာ ဓနိနှင့်ဆက်စပ်သော စားသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေသည့် ၎င်း၏ လုပ်ငန်းမှာ အထူးအောင်မြင်လျက်ရှိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  MSME လုပ်ငန်းရှင်တစ်ဦးဖြစ်သည့်  ဒေါ်ဟေမာစံထံမှ သိရသည်။
သာပေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေးပေးနေ လျက်ရှိသည်။
သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 29,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရေဦးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်းဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Aug 29,2023
ကလေးငယ်များ အရောင်မှန်ကန်စွာ ရွေးချယ်တတ်စေရန်၊ ယှဉ်ပြိုင်လိုစိတ်များ ကိန်းအောင်းစေရန်နှင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး ‌စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၁၀ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရ သည်။
သာစည်မြို့နယ်တွင် မိတ္ထီလာ-တောင်ကြီးလမ်းမှ-ညောင်တို-သမန်းကန်-ပေါက်တော တံတား ကြမ်းခင်း ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး
Aug 29,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် မိတ္ထီလာ-တောင်ကြီးလမ်းမှ ညောင်တို-သမန်းကန်-ပေါက်တောလမ်းပေါ်ရှိ တံတားကြမ်းခင်း ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  သိရသည်။