သတင်းများ

ကသာပညာရေးဒီဂရီကောလိပ်၌ စာပေဟောပြောပွဲ အခမ်းအနားပြုလုပ်
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူငယ်လူရွယ်များကို နှလုံးသားအာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကသာပညာရေးဒီဂရီ ကောလိပ်ကျောင်း ဘက်စုံသုံးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့တွင် ဒေသခံပြည်သူများ ရာသီပေါ်ချဉ်ပေါင်ဖာလာသီးနှံများ စတင်ဆွတ်ခူးခြင်းလုပ်ကိုင်
Aug 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
မောက်မယ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ(၂၅၀၀)ကျော်အား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူပြီးစီး
Aug 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်အတွင်းရှိပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်
Aug 29,2023
တနင်္သာရီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ကသာမြို့ အ.ထ.က(ခွဲ)၊ လ(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲပြုလုပ်
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အ.ထ.က(ခွဲ)၊ အ.လ.က(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ လူငယ်များကို စိတ်ဓာတ်ရေးရာတိုးတက် ကောင်းမွန်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့ဟိုနမ့်ဒေသတွင် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုပအိုဝ့်ဒေသရှိ  မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မြေပဲစိုက်တောင်သူများ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကာ ယခုနှစ်တွင် မိုးကောင်း၍ ပို၍အောင်မြင်ဖြစ်ထွန်းကြောင်း ဟိုနမ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဝါးခယ်မမြို့နယ်တွင် တိရစ္ဆာန်​ရောဂါကာကွယ်ထိန်းချုပ်​ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဆောင်ရွက်
Aug 29,2023
ဧရာဝတီတိုင်း​ဒေသကြီး၊ ​မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ​မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ တိရစ္ဆာန်​ရောဂါ ကာကွယ်ထိန်းချုပ်​ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာအုပ်စု(၅)အုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ လုပ်ငန်းမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Aug 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁)၊ ဌာနခွဲစာရေး၊ အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ လုပ်ငန်းမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ လုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။