ကျိုက်လတ်၌ တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိစေရေး စစ်ဆေး
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ပိုးသတ်ဆေးဆိုင်များနှင့် ဓာတ်မြေဩဇာဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့သည်။