လပွတ္တာ သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၉)ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ပိုင်းတွင် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူး ဦးကြည်ဖြိုးဝင်းနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူ (၆၀)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများကိုလည်း နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်