စဉ့်ကူး ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြိုနယ်၊ အောင်ချမ်းသာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စတုတ္ထအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အောင်ချမ်းသာကျေးရွာကော်မတီဥက္ကဋ္ဌနေအိမ်တွင် ပြုလုပ်သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းချေးငွေများ ထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးမြသိန်းဝင်းနှင့် စီမံကိန်းတာဝန်ခံတို့က အောင်ချမ်းသာ ကျေးရွာနေ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၁) ဦးအတွက် ငွေကျပ် (၁၂၂)သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၄၅)ဦးအတွက် ငွေကျပ်(၂၁၆)သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၂)ဦးအတွက် ငွေကျပ်(၁၄)သိန်း၊ စုစုပေါင်း အသင်းသား/အသင်းသူ (၆၈)ဦး တို့အတွက် စီမံကိန်းရန်ပုံငွေကျပ် (၃၅၂) သိန်းကို အသင်းသား/အသင်းသူများထံသို့ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)