ခန္တီးမြို့နယ်တွင် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်မြေ၊ မျိုး၊ ပိုးဌာနခွဲများနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှစုပေါင်း၍ ခန္တီးမြို့နယ်၊ သာစည်ရပ်၊ အောင်သာယာကွင်း၊ ကွင်းအမှတ် (၄) ၊ ဦးပိုင်အမှတ် (၂၀) ရှိ တောင်သူဦးကျော်စံဝင်း၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးစံပြကွက်များ၊ SRIစိုက်ခင်းများနှင့် ယာစပါးမျိုးသန့်မျိုးပွားစံပြကွက်များတွင် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။