ကျောက်ဆည်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှ ဆောင်ရွက်         

ကျောက်ဆည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှတိရစ္ဆာန်များတွင် ကူးစက်ရောဂါကျရောက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရိစ္ဆာန် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် (၇) နာရီက ကြက်သားဟင်း ကျေးရွာအုပ်စုနှင့် ရွှေဒါးကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် တိရစ္ဆာန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူနှင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးနှင့် ဝန်ထမ်းများက အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့်အတူ ကြက်သားဟင်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာမှ နွားအကောင်ရေ(၈၂၅)ကောင်အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ရွှေဒါးကျေးရွာအုပ်စုမှ ဝက်အကောင်ရေ(၅၀)ကောင်တို့အား ဝက်ဝမ်းကျ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်မွေး မြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းပြီး တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါသတင်းစူးစမ်းထောက်လှမ်းခြင်း၊ တိရိစ္ဆာန် မွေးမြူရေးခြံများနှင့် သားသတ်ရုံများတွင် ပိုးသတ်ဆေးများ ဖျန်းပေးခြင်း၊ ပိုးသတ်သန့်စင်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သက်မောင် (ကျောက်ဆည်)