မတ္တရာ ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် စားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများထံသို့ ရောင်းချခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက မတ္တရာမြို့မဈေးတောင်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ရောင်းချပေးခဲ့သည်။
ထို့သို့ရောင်းချရာတွင် မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ငါး၊ ကြက်ဥနှင့် ဆပ်ပြာအဆီများကို ပြင်ပပေါက် ဈေးထက် လျော့နည်းသော ဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။
မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများထံသို့ အပတ်စဉ် အဖိတ်နေ့တိုင်း ဈေးနှုန်းချိုသာစွာ ရောင်းချလျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)