သတင်းများ

ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်
Aug 31,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် ထောက်ပံ့ထားသော ပစ္စည်းများ လက်ခံရရှိခြင်းရှိ/ မရှိနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါသည့်အဖွဲ့သည် ဩဂုတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ပြင်ရှည်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ဘားအံ၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ
Aug 31,2023
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ခရေလမ်းရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောင်ချိုမြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းကောင်စာရင်း ကောက်ယူရေးအတွက် GSI နည်းပညာအသုံးပြု၍ Census Unitsများ ကွင်းဆင်းရေးဆွဲ
Aug 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်းကောက်ယူရေးအတွက် GSIနည်းပညာ အသုံးပြု၍ Census Units များကွင်းဆင်းမြေပုံရေးဆွဲခြင်းကို ပြည်သူ့အင်အားဦးစီးဌာန(နေပြည်တော်)မှ အကြီးတန်းစာရေး ဦးခီးရယ်ပါ(၃)ဦးအဖွဲ့သည် နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS) ရုံးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 31,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပသည်။
ကျောက်တော်မြို့၌ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ၊မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော
Aug 31,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)တွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး  အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း၊ ပြည်ခရိုင်) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) အသိပညာပေးဆွေးနွေးပွဲနှင့် Professional အိမ်ခြံမြေအခြေခံသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပြည်မြို့ Prome Gardern ဟော်တယ်၌ ယမန်နေ့ နံနက် ၈နာရီအချိန်က မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ပြည်ခရိုင်) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ( AML/CFT) အသိပညာပေးဆွေးနွေးပွဲနှင့် Professional အိမ်ခြံမြေအခြေခံသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်ပွဲနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်
Aug 31,2023
ပဲခူးမြို့၊ ငါးလုပ်ငန်းပညာပေးသင်တန်းကျောင်း၌ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် မီးသတ်ရေယာဉ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ဟိုပုံးမြိုနယ်၌ Marigold (ခေါ် )ထပ်တစ်ရာပန်းများစမ်းသပ်စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်း
Aug 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြိုနယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ တဖူးကိုင်းကျေးရွာတွင် စိုက်ပျိုးထားရှိသည့် Marigold (ခေါ်) ထပ်တစ်ရာပန်းများ စမ်းသပ်စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။