မော်လမြိုင် သြဂုတ် ၃၁
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ Royal Hinthar Hotel ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံးအဖြစ်မှ ဥပဒေရေးရာဝန်ကြီးဌာနအဖြစ်သို့ ပြောင်းလဲခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သလို ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဥပဒေအရာရှိတွေ၊ ဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ပြီး လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်စေရေးအတွက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို လုပ်ငန်းလမ်းညွှန်အဖြစ်လိုက်နာပြီး ဥပဒေ၊ နည်းဥပဒေများနဲ့အညီ အဂတိတရားကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်၊ ဥပဒေအကြံဉာဏ်ပေးတဲ့အခါတွင်လည်း မှန်ကန်စွာအကြံပေးပါရန်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးကို ရှေးရှုပြီး အားသွန်ခွန်စိုက် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သောဥပဒေရုံး များ၏ လှုပ်ရှားဆောင်ရွက်မှုခဲ့မှုများကို Video Clip ဖြင့် ပြသခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)