ဒဂုံတက္ကသိုလ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းစန်းမွှေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီးနောက် သိပ္ပံပညာရှင်၊ သိပ္ပံစာရေးဆရာ ပါမောက္ခကိုကိုအောင်က YRTC မှဆောာင်ရွက်နေသော ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး Road Safety နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းစန်းမွှေးက ဟောပြောပို့ချပေးသော ဆရာများအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်ခဲ့ပြီး ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)