ကန့်ဘလူမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကန့်ဘလူ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားလူငယ်များကို လမ်းမှားရောက် စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ရှောင်ရှားကြဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် အန္တရာယ်ရှိသောမူးယစ် ဆေးဝါးကို စူးစမ်းမိပါက မသုံးရမနေနိုင်သည်အထိ စွဲလန်းလာပြီး မူးယစ်ဆေးကို သုံးစွဲမှုများလာပါက ဦးနှောက်ကို မူးယစ်ထုံထိုင်းစေပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ထိခိုက်ခြင်း၊ ပုံမှန်အသိစိတ်မရှိခြင်း၊ သံသယ၀င်ခြင်း၊ နှလုံးခုန် မြန်ခြင်း၊ အသိဉာဏ်ချို့ယွင်းခြင်း၊ ခုခံအားကျဆင်းခြင်း၊ စာရိတ္တပျက်စီးခြင်းနှင့် စီးပွားဥစ္စာများ ပျက်စီးလျက် လူ့အသိုင်းအဝိုင်းကိုပါ ထိခိုက်ခြင်းများကို ဖြစ်‌စေနိုင်သဖြင့် ရှောင်ရှားကြဖို့လို ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင် များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်၀င်းငြိမ်း(ကန်ဘလူ)