ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှု‌ဖြစ်ပွား

ညောင်တုန်း ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က တိုးမြစ်ရေတိုက် စားမှုကြောင့် မြစ်ကမ်းမှ အလျား (၆၀) ပေ၊ အနံ(၆)ပေခန့် ပြိုကြမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ အလျား(၁၈)ပေခွဲ၊ အနံ(၁၂)ပေ၊ သွပ်မိုး၊ ဓနိကာ၊ ဝါးကြမ်းခင်းလူနေအိမ်တစ်လုံး၊ အလျား (၁၄)ပေ၊ အနံ (၁၂)ပေ၊ သွပ်မိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း လူနေအိမ်တစ်လုံး၊ အလျား(၁၈)ပေ၊ အနံ (၁၄)ပေ၊ သွပ်မိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း လူနေအိမ် တစ်လုံး စုစုပေါင်း နေအိမ်(၃)လုံး ကြိုတင်ဖျက်သိမ်း၍ မြစ်ကမ်းပါးနှင့်ကင်းလွတ်ရာ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး လူနှင့်တိရိစ္ဆာန်များထိခိုက် ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)