အင်္ဂပူမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာမိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်အမှတ် အခမ်းအနားပြုလုပ်

အင်္ဂပူ ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃ ခုနှစ် ကမ္ဘာ မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်အမှတ် အခမ်းအနားပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ အေးပပစိုးရီက ၂၀၂၃ ခုနှစ် ကမ္ဘာမိခင်နို့တိုက်ကျွေးရေးနှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စံပြကိုယ်ဝန်ဆောင်များအား ဂုဏ်ပြုလက်ဆောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးပပစိုးရီနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ စံပြကိုယ်ဝန်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)