ရွှေဘို ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့)တွင် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးဌာနမှ ကြီးမှူးကျင်းပသည့် ငါးမျိုး စိုက်ထည့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ရွှေဘို(ရန်ကြီးအောင်ပန်းခြံကျုံး)သဘာဝရေပြင် တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်သင်းသင်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် များ တက်ရောက်ခဲ့ပြီး ၂ လက်မဆိုဒ် "ငါးမြစ်ချင်း၊ ငါးခုံးမကြီး" ငါးအကောင်ရေ (၅၀၀၀၀) ကောင်အား (ရန်ကြီးအောင်ပန်းခြံကျုံး) သဘာဝရေပြင်တွင် ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရ သည်။
ခရိုင်ပြန်/ဆက်