သတင်းများ

ကျောက်ပန်းတောင်းပြန်/ဆက်တွင် (COVID -19)ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်
Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ ရုံးရှေ့မြေစိုက်ဘုတ်တွင် ပညာပေးစာစောင်များကပ်ခြင်းနှင့် စာကြည့်တိုက်လာသူများ လက်သန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေများကိုလည်း အဆင်သင့်ထားရှိပေးထားကြောင်းသိရသည်။
COVID-19 ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ တပ်ဆင်လှူဒါန်း
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ Coronavirus Disease 2019 (COVID-19) ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ထားရှိလှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဒေသာဈေးကြီးအနီး အ.ထ.က(၅) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူများ ဇီဝဗေဒဖြေဆိုသူ ၈၇၉ ဦးနှင့် ဘောဂဗေဒဖြေဆိုသူ ၃၅၂၉ ဦးဝင်ရောက်ဖြေဆို
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာန (၆) ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်အတွက် စာရင်းရှိ ၉၃၀ ဦးရှိပြီး ဖြေဆိုသူ ၈၇၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၅၁ ဦးရှိကြောင်း ဘောဂဗေဒဘာသာရပ် ဖြေဆိုရန်အတွက် စာရင်းရှိ ၃၈၉၈ ဦးရှိပြီး ဖြေဆိုသူ ၃၅၂၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၃၆၉ ဦးရှိကြောင်း သိရသည်။
ပုလဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်အိမ်ထောင်စုများသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းဆောင်ရွက်
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လှော်ကားကြီးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့၊ နံနက် (၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် အိမ်ထောင်စုများသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့မီးပွိုင့်ရှိရာ နေရာများတွင် အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ပေးလျက်ရှိ
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက် တဂေါင်းဘုရားလမ်း၊ အဘယသီဝံ (ရွှေကျင်) တိုက်သစ်ကျောင်းရှိ ဘက်စုံလူမှုကူ ညီရေးအဖွဲ့ (ပုသိမ်)မှ ပြည်သူ့အကျိုးပြု လူမှုကူညီ​ရေးလုပ်ငန်းများကို  အဆိုပါ ကျောင်းတိုက်မှ ဦးစီးပဓာနလမင်းတစ်ရာဘက်စုံ ပရဟိတ ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိမှ လမ်းညွှန်မှုဖြင့် အများပြည်သူ သွားလာသည့် ပုသိမ်မြို့ပေါ်ရှိ မီးပွိုင့်ရှိရာနေရာများတွင် နေပူခံအစိမ်းရောင် ဇကာများဖြင့် နေပူခံ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညပိုင်း၌ ပုသိမ်မြို့အဝင် မြက်တိုရုံးပေါင်းစုံ မီးပွိုင့်တွင် ပုသိမ်မြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ စုပေါင်းလုပ်အားဖြင့် ဒါနကုသိုလ်ယူကာ ဆရာတော်နှင့်အတူ ဝိုင်းကူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၅)ခု၌ ဇီဝဗေဒဘာသာ (၂၆၅) ဦး၊ ဘောဂဗေဒ ဘာသာ (၁၄၆၂) ဦး ဖြေဆို
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၁၅)ခု၌ ဇီဝဗေဒဘာသာ (၂၆၅) ဦး၊ ဘောဂဗေဒဘာသာ (၁၄၆၂) ဦး လာရောက် ဖြေဆိုကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရန် ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာဘုရားပွဲ ကျင်းပပြုလုပ်တော့မည်မဟုတ်
Mar 18,2020
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလပြီး၍ နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်သော ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာ (ခြေတော်ရာ) ဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုမရှိစေရန် ဘုရားပွဲတော်ကြီးကို ကျင်းပပြုလုပ်တော့ မည်မဟုတ်ကြောင်း ဘုရားပွဲတော် ကြီးကြပ်ရေး ကော်မတီဝင်များထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသော ကျောင်းသားကျောင်းသူများအား COVID-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2020
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ လတ်တလော sအသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID-19) နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များထည့်သွင်းဖော်ပြထားသော အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦးနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့က တောင်ဥက္ကလာပမြို့နယ် အ.ထ.က (၃) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်လာသော ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။