ကျောက်တန်းမြို့နယ် ခနောင်(အရှေ့) ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Sep 02,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ခနောင်ကျေးရွာအုပ်စု ခနောင်အရှေ့ ကျေးရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီးမံကိန်းချေးငွေဖြင့် လက်ရှိစီးပွားရေး လုပ်ကိုင်သူများ၊ တိုးချဲ့ လုပ်ကိုင်နေသူများနှင့် အခြေခံလူတန်းစားများ အပါအဝင် အကျိုးခံစားခွင့်ရှိသူများအားလုံး စုစုပေါင်း ချေးငွေအောင်သူ(၁၄၀)ဦးသို့ ချေးငွေကျပ် (၃၅၅၀၀၀၀၀)ကို လုပ်ငန်း အမျိုးအစား အလိုက် (၁.၉.၂၀၂၃) ရက်နေ့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအကောင်အထည်ဖော်ရေး လက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့် အညီ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများက ကြီးကြပ်၍ သွားရောက်ထုတ်ချေးပေးခဲ့သည်။