သိန္နီ စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောက်ရွက်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးရာတွင် မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်(၂၈၂)ဦးနှင့်မွေဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်(၄၇၀)ဦး စုစုပေါင်း(၇၅၂)ဦးအား ထောက်ပံငွေ ကျပ်သိန်း(၃၂၄၄၅၀၀၀)ကို မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်သန်းက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)