ပေါင်းတည် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နေ့လည် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မြို့နယ်ကော်မတီဥက္ကဌ ဦးစိုးမြင့်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက ပေါင်းတည်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြားပြီး၊ ပေါင်းတည်မြို့နယ် ဥပဒေအရာရှိ ဦးရဲမင်းဝင်းက ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မြို့နယ်ကော်မတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အသိပညာပေးဟောပြောပွဲကို အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဖိတ်ကြားထားသူများစုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက် )