ဆဋ္ဌမအကြိမ်မြောက် ဘုရားအနေကဇာတင်ခြင်းနှင့်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဆီဆိုင် စက်တင်ဘာ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများစုပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် ဘုရားအနေကဇာတင်ခြင်းနှင့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအု ပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဟိုခဲဥတ္တရာရုံစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေသရထံမှ တက်ရောက် လာသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့်ဇနီး၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)