မြို့သစ် စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ မြင်သာကျေးရွာတွင် ဩဂုတ်လ ၃၁ ရက် ၁ နာရီအချိန်ခန့်က လေပွေဝှေ့ယမ်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သည့် အိမ်ခြေ (၁)လုံး၊ အမိုးလန်အိမ်ခြေ(၁)လုံးတို့အတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြိုကျ အိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၁)လုံးတို့မှ အိမ်ထောင်စု (၂ ) စု၊ လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀/-)၊ ဆန်ရိက္ခာဖိုး ( ၁၆၈၀၀/-) စုစုပေါင်း (၁၆၆၈၀၀/-)နှင့်ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုးတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းသာနှင့်မြို့နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်နုနုထွေးတို့က လေဘေးသင့်အိမ်ထောင်စုဝင်များ၏လက် ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)