မင်းလှ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊မင်းလှမြို့နယ်၌ အခြေခံလူ တန်းစားများ စားဝတ်နေရေးအဆင် ပြေချောမွေ့စေရန်အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင် များပူးပေါင်း၍စားသုံး ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံလူတန်းစားများ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အတွက်စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်များပူး ပေါင်း၍ မြို့မဈေးအတွင်းရှိကုန်မျိုးစုံဆိုင်များနှင့် ရပ်ကွက်များအတွင်းရှိကုန်မျိုးစုံဆိုင်များတွင်စာအုန်းဆီများအား လူတစ်ဦးလျင် (၅၀)ဆယ်သား (၂၅၀၀)ကျပ်နှုန်းဖြင့် အခြေခံလူတန်းစားများအားရောင်းချပေးခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)