ကျောက်ဆည် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မှိုင်းပန်ကျေးရွာတွင် စပျစ်ပင်(၅၀၀) စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး အသီးထွတ် နှုန်းကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက် လျက်ရှိ ကြောင်း သိရသည်။
စပျစ်စိုက်ပျိုးသည့်အခါ မစိုက်ပျိုးမီ မြေပြင်ရာတွင် တစ်ပေအနက်၊ တစ်ပေအကျယ်ကျင်းတူးပြီး သဘာဝမြေဆွေးများထည့်ကာ ပြုပြင်ရ ကြောင်း မြေပြုပြင်ပြီးမှ စပျစ်အရိုင်းပင်ကိုစိုက်ပျိုးပြီး (၆)လအကြာတွင် အညွှန့်ကိုင်းဖြတ်ပြီး အယဉ်မျိုးနှင့် ကိုင်းကူးပေးရကြောင်း ကိုင်းကူးပြီး (၆)လအကြာတွင် စပျစ်သီးများ စတင် ခူးဆွတ်ရောင်းချရကြောင်း စပျစ်အပင်(၅၀၀) စိုက်ပျိုးမည်ဆိုပါက စတင်အသီးသီးချိန်အထိ ကုန်ကျငွေ (၁၆)သိန်းခန့်ကုန်ကျကြောင်း အသီးများခူးဆွတ်ရောင်းချရာတွင် (၂)လကျော်အထိ ခူးဆွတ်ရကာ ကုန်ချိန် (၁၅၀၀)ပိဿာခန့် ရရှိကြောင်း ရောင်းဈေးအနေဖြင့် တစ်ပိဿာ(၃၀၀၀)ကျပ်၊ (၄၀၀၀)ကျပ် ဈေးအမျိုးမျိုး ရောင်းရကြောင်း ရောင်းရငွေတွက်ကြည့်ပါက ကျပ်(၆၀)ခန့်ရရှိ ကြောင်း မှိုင်းပန်းကျေးရွာမှ ကိုယ်တိုင်စပျစ် စိုက်ပျိုးသူ ဦးညွှန့်ဝင်းက ပြောပြသည်။
ထို့ကြောင့် သပျစ်သီးနှံသည် ကျောက်ဆည်မြို့၏ ရာသီးဉတု၊ ရေ၊ မြေနှင့် ကိုက်ညီပြီး အခြားသီးနှံများနှင့် နှိုင်ယှဉ်ပါက အကျိုးအမြတ်များသော ကြောင့် ယာမြေပိုင်ဆိုင်သော တောင်သူတစ်ချို့သည် စပျစ်ပင်များ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)