သံဖြူဇရပ် ဇူလိုင် ၂၈
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ သံဖြူဇရပ်မြို့နယ် ပညာရေးမှူးရုံးနှင့် အထက(၁)နှင့်(၂)တို့တွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲအောင်မြင်မှုအနေဖြင့် သံဖြူဇရပ်မြို့နယ်တွင် ဖြေဆိုသူ ၁၀၀၂ ဦးရှိရာ အောင်မြင်သူဦးရေ ၆၁၅ဦးရှိပြီး၊ ဂုဏ်ထူးရရှိသူအနေဖြင့် (၅)ဘာသာဂုဏ်ထူးရှင် ၃ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၅ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် ၄၉ဦးရှိပြီး စုစုပေါင်း(၉၁)ဦးရှိရာ အောင်မြင်မှုရာခိုင်နှုန်း ၆၁.၃၈ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်တွင် တတိယရရှိခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)